မေးခွန်း
ကမ္ဘာပေါ်မှာ ဆင်းရဲမွဲတေမှုနဲ့ ရောဂါဝေဒနာတွေအပါအဝင် အခက်အခဲပေါင်းစုံနဲ့ ရှင်သန်နေကြရတဲ့ မုရှ်ရစ်(အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်သူ)တွေ၊ ဒါမှမဟုတ် ကာဖစ် (အစ္စလာမ်ကို မယုံကြည်သူ) တွေဟာ အဲဒီလို အခြေအနေမျိုးနဲ့ပဲ သေဆုံးသွားခဲ့ရင် ငရဲကို ရောက်ကြမှာလား။ ဒါဆိုရင် သူတို့တွေဟာ ဒီဘဝမှာလည်း အဆိုးရွားဆုံး ဘဝကို ဖြတ်သန်းခဲ့ရပြီး၊ တမလွန်မှာလည်း ဒီလိုမျိုး ဖြစ်ရမယ်ဆိုတော့ သူတို့မှာ ဘာအပြစ်ရှိလို့လဲ။ သူတို့ကို အဲဒီလို ဆင်းရဲမွဲတေတဲ့ ဘဝနဲ့ပဲ ဖန်ဆင်းခဲ့တာ မဟုတ်လား။
အဖြေ
သူတို့ရဲ့အပြစ်ကတော့ အလ္လာဟ်အရှင်မြတ်၏ သောင်၀်ဟီဒ် တစ်ပါးတည်းဖြစ်ခြင်းကို လည်းကောင်း၊ ရစူလ်အလ္လာဟ် (ဆွလ္လလ္လာဟု အလိုင်းဟိ ဝစလ္လမ်) ၏ ရစူလ်တမန်တော်အဖြစ်ကို လည်းကောင်း မယုံကြည်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို ဂျဟန္နမ်ကို ပို့ဆောင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နောင်တမလွန်ဘဝမှာ လွတ်မြောက်မှုရဲ့ အဆုံးအဖြတ်ဟာ အီမာန် (ယုံကြည်မှု) နဲ့ အမလ် (ကောင်းမှု) အပေါ်မှာ မူတည်တာကြောင့်ပါ။ လောကီဘဝရဲ့ ချမ်းသာကြွယ်ဝမှု ဒါမှမဟုတ် ဆင်းရဲမှုအပေါ်မှာ မူတည်တာမဟုတ်ပါဘူး။ ဒါ့အပြင် ဒီလောကီဘဝဟာ နောင်တမလွန်က မကုန်ဆုံးနိုင်တဲ့ ဘဝနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်ပါဘူး။
ဟဒီးဆ်တောမှာလာရှိပါတယ်
အာရဗီမူရင်း
"يؤتى بأشد الناس كان بلاء في الدنيا من أهل الجنة، فيقول اصبغوه صبغة الجنة، فيصبغونه فيها صبغة، فيقول الله عز وجل: يا ابن آدم هل رأيت بؤسا قط أو شيئا تكرهه؟ فيقول: لا وعزتك ما رأيت شيئا أكرهه قط، ثم يؤتى بأنعم الناس كان في الدنيا من أهل النار فيقول: اصبغوه فيها صبغة، فيقول: يا ابن آدم هل رأيت خيرا قط قرة عين قط؟ فيقول: لا وعزتك ما رأيت خيرا قط ولا قرة عين قط".
ဘာသာပြန်
“လောကီဘဝတွင် အပြင်းထန်ဆုံး ဒုက္ခအရောက်ဆုံးသော ဂျန္နသီကို ခေါ်ဆောင်လာပြီး အလ္လာဟ်အရှင်မြတ်က 'သူ့ကို ဂျန္နတ် ထဲမှာ တစ်ပတ်ပတ်ခိုင်းလိုက်' ဟု မိန့်ကြားမည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်က အို 'အာဒမ်၏သား၊ မင်းသည် လောကီဘဝတွင် ဆင်းရဲဒုက္ခ သို့မဟုတ် မနှစ်မြို့ဖွယ်ရာ တစ်စုံတစ်ရာကို မြင်တွေ့ခဲ့ရဖူးပါသလား' ဟု မေးမြန်းသောအခါ ထိုသူက 'အရှင်၏ ဂုဏ်သိက္ခာကို တိုင်တည်၍ ပြောပါ၏။ ကျွန်ုပ် မနှစ်မြို့ဖွယ်ရာ တစ်စုံတစ်ရာကို တစ်ခါမျှ မမြင်တွေ့ခဲ့ရပါ' ဟု ပြန်လည်ဖြေကြားမည်။
ထို့နောက် ဂျဟန္နမ် (ငရဲ) သားများထဲမှ လောကီဘဝတွင် အချမ်းသာဆုံးသူကို ခေါ်ဆောင်လာပြီး အလ္လာဟ်အရှင်မြတ်က 'သူ့ကို ဂျဟန္နမ်ထဲသို့ တစ်ခါနှစ်လိုက်' ဟု မိန့်ကြားမည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်က 'အာဒမ်၏သား၊ မင်းသည် ကောင်းသောသို့မဟုတ် မျက်စိပသာဒဖြစ်ဖွယ်ရာ တစ်စုံတစ်ရာကို မြင်တွေ့ခဲ့ရဖူးပါသလား' ဟု မေးမြန်းသောအခါ ထိုသူက 'အရှင်၏ ဂုဏ်သိက္ခာကို တိုင်တည်၍ ပြောပါ၏။ ကျွန်ုပ်သည် ကောင်းကျိုး သို့မဟုတ် မျက်စိပသာဒဖြစ်ဖွယ်ရာ တစ်စုံတစ်ရာကို ယခုတိုင် မမြင်တွေ့ခဲ့ရပါ' ဟု ပြန်လည်ဖြေကြားမည်။”
အထက်ပါ ဟဒီးစ်တော်ပါ (နဗီတမန်တော်မြတ် မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်းဟိ ဝစလ္လမ်) ရဲ့မိန့်မှာချက်) အရ လောကီဘဝ၌ ဒုက္ခဆင်းရဲခံရခြင်းဟာ နောင်တမလွန်ဘဝမှာ ဂျန္နတ် ကို ရောက်ရှိဖို့ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ အကယ်၍ လူတစ်ဦးဟာ ကုဖ်ရ် (ငြင်းပယ်ခြင်း) နဲ့ ရှိရ်က် (အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ခြင်း) အပေါ် သေဆုံးပါက၊ သူတို့ဟာ ဂျန္နတ်ကို ရရှိကြမှာမဟုတ်ပါ။
အလ္လာဟ်အရှင်မြတ်သာ အသိဆုံး ဖြစ်ပါတယ်။
فتوی نمبر : 144610100576
دارالافتاء : جامعہ علوم اسلامیہ علامہ محمد یوسف بنوری ٹاؤن
No comments:
Post a Comment